သို့.,..
ချစ်သူ
မေ့ဖို့အခါခါ ကြိုးစားသော်လည်း
မင်းပုံရိပ်များ မေ့မရနိုင်သည်
လူကြုံမလာ စာလည်းမပါး မျှော်ရသူမှာ မောလှပါပြီ
တိတ်ဆိတ် ငြိမ်သက် ညအမှောင်ကို ကြောက်နေမိသူ
အိမ်မက်ထဲလည်း ဝင်လာမြဲ ရင်မှာခံစားရသည်
မတွေးလည်မြင် အတွေးထဲမှာ မင်းပုံရိပ်တွေ စိုးမိုးနေပြီ
သက်ပြင်းအခါခါ ချကာ ရင်မောလှသည် ချစ်နေမိသူ
ကိုယ့်ရင်မှာ မင်းပြန်လာဖို့ မျှော်နေမိတယ်
အဝေးက ချစ်သူရယ်.....
ကလောင်(အချစ်ကဗျာ)